
|
Charity Organization Management |
|
Development Work for People in Need |
|
Home |
|
ရည်ရွယ်ချက်
မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသော အခန်းဏ္ဍများ တိုးတက်လာအောင် ဆောင်ရွက်ရာတွင် နည်းပညာရှင်များ၊ အတတ်ပညာရှင်များ နှင့် မျိုးဆက်သစ်လူငယ်များ ၏ အခန်းကဏ္ဍသည် အဓိကနေရာတွင် ပါဝင်နေသည်။ သို့ဖြစ်ပါသောကြောင့် နည်းပညာရှင်များ၊ အတတ်ပညာရှင်များ နှင့် မျိုးဆက်သစ် လူငယ်များအနေဖြင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသအတွင်း အကျိုးပြု အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ပါက ဒေသအတွင်းသာမက နိုင်ငံနှင့်တ၀ှမ်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဒေသအတွင်းသာမက နိုင်ငံနှင့်တ၀ှမ်း တိုးတက်စေရေးဟူသော ရည်ရွယ်ချက်ဖြင့် ဤအဖွဲ့အစည်းကို တည်ထောင်ရခြင်းဖြစ်သည်။
ရည်ရွယ်ချက် စည်းမျဉ်း၊စည်းကမ်းများ၏ စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်တို့သာမက လူငယ်လူရွယ်များ အနေဖြင့် မိမိတို့ တတ်ကျွမ်းသော ပညာရပ်တို့ကို အမိတိုင်းပြည်အတွက် အကျိုးပြု၍ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုအား ဆောင်ရွက်ခြင်း။
(ခ) လူမှုအဆင့်အတန်း မြင့်မားရေးအတွက် မှန်ကန်သော အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဘ၀အာမခံချက်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားခြင်း။
(ဂ) ဆင်းရဲချို့တဲ့သော ကလေးလူငယ်များ၊ လူငယ်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် ရည်မှန်းချက် မျှော်လင့်ချက် ဆုံးရှုံးသွားသူ လူငယ်များအား ဘ၀အဆင့်အတန်းနှင့် ဘ၀အာမခံချက်များ ရရှိလာစေရန် ပြုစုပျိုးထောင်ခြင်း။
(ဃ) (Knowledge Age) ခေတ်သစ်၏ လူနေမှုဘ၀စိန်ခေါ်သံအား မြန်မာနိုင်ငံအနေနှင့် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးပမ်းခြင်း။
(င) ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ လိုအပ်သည့်ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် စသည်ဖြင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအား နယ်စည်းမခြားမှုဖြင့် ဖြည့်ဆည်းဆောက်ရွက်သွားခြင်း။
(စ) မျိုးဆက်သစ် လေ့လာသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအား မရဟိတ အတွေ့အကြုံ ဗဟုသုတကောင်းများအား Sharing (မျှဝေ) ပေးခြင်း၊ လေ့ကျင့်ပို့ချပေးခြင်းတို့ဖြင့် ဗဟုသုတ အကြားအမြင် ကြွယ်ဝကာ ပရဟိတ စိတ်ဓါတ်ပြည့်ဝသော မျိုးဆက်သစ် လူငယ်များ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံတော်ကြီးအား အကျိုးပြုသွားနိုင်ရေး။
|